...

အဆုံးသတ်လား၊အစပြုခြင်းလား

အဆုံးသတ်လား၊အစပြုခြင်းလား

ကြက်ဥတစ်လုံးက အပြင်သက်ရောက်မှုအားတစ်ခုခုကြောင့် အက်ကွဲထွက်သွားရင်… ဘဝတစ်ခုကအဆုံးသတ်သွားပေမယ့် .. အတွင်းက အားတစ်ခုခုကြောင့် အက်ကွဲထွက်လာတာဆိုရင်တော့ .. ဘ၀ တစ်ခု အစပြုခြင်းပါပဲ။ အက်ကွဲပျက်စီးသွားတာခြင်း တူပေမယ့် အဆုံးသတ်ရလဒ်မတူဘူး။ အဆုံးသတ်သွားတာလား၊ အစပြုခြင်းလား။


ဘဝမှာ ရှိတဲ့ အခက်အခဲတွေ၊ ဖိအားတွေကြောင့် … ကျွန်တော် တို့ကွဲအက်ပျက်ကြေ ဖူးခဲ့ကြတာပါပဲ။ ဘဝဆိုတာ ကြက်ဥတစ်လုံးလို ကျိုးလွယ်၊ပဲ့လွယ် ထိခိုက်အက်ကွဲလွယ် ဆိုပေမယ့် .. အက်ကွဲခဲ့သမျှကို အရှုံးမပေးပဲ ဘဝသစ်အစပြုခဲ့သူတိုင်း၊ တိုက်ပွဲတွေအများကြီးဆင်နွဲဖူးတဲ့သူရဲကောင်းတစ်ယောက်လို ဒဏ်ရာဒဏ်ချက် အမာရွတ်တိုင်းက ဂုဏ်ယူစရာ အမှတ်တရတွေပဲ ဖြစ်မှာပါ။


အရှူံးမပေးသော သူရဲကောင်းများကို ဂုဏ်ပြုပါသည်။


မာသင်

Related Articles

ဂန္တဝင်မြောက်သောနေ့ (Masterpiece Day)

ဂန္တဝင်မြောက်သောနေ့ဆိုတာ နေ့တစ်နေ့ကို စိတ်ပါလက်ပါ လက်ရာမြောက်လောက်အောင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း၊ ကိုယ်တန်ဖိုးထားတဲ့လုပ်ရပ်တွေနဲ့နေ့တစ်နေ့ကို ဂန္တဝင်မြောက်လောက်အောင် ပုံဖော်ဖန်တီးလိုက်နိုင်တဲ့နေ့ရက်တစ်ရက်ပါပဲ။ဘဝမှာ ကျွန်တော်တန်ဖိုးထားတဲ့အရာ (၅) မျိုးရှိပါတယ်။တစ်ခုချင်းစီကို နေ့စဉ်တိုးတက်အောင် ကြိုးစားလုပ်ဆောင်လိုက်တဲ့နေ့တိုင်း က ကျွန်တော့်အတွက်တော့ ဂန္တဝင်မြောက်သောနေ့ (Masterpiece Day) ပါပဲ။ အဲဒီ (၅) ခု က..၁။ အသိပညာ (…

သမားရိုးကျကိုကန့်လန့်တိုက်ခြင်း

နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့…

ကြီးပွားချမ်းသာကြပါစေ

“ကြီးပွား ချမ်းသာ” လို့ ပြောကြတယ်။ စကားလုံးတွေက ရှင်းတယ်။ မကြီး နိုင်၊ မပွားနိုင်ရင် .. မချမ်းသာနိုင်ဘူး။ ကြီး နိုင်ရမယ်ဆိုတာ… လုပ်ငန်းတစ်ခုက ကြီးလာအောင် ဆိုတာ Scalable ဖြစ်အောင်လုပ်နိုင်တာကိုပြောတာ။ ကြီးလာအောင်ဆိုတာ သက်ရောက်မှု (impact) အကြီးအသေးကို ဆိုလိုတာဖြစ်တယ်။ အချို့ လုပ်ငန်းတွေက…

နှစ်သစ်မှာ တွန်းအား ဖြစ်စေပါ

တွန်းအား (Motivation) ဆိုတာ ကျွန်တော် တို့အားလုံး လိုအပ်တဲ့အရာပါ။နှစ်တစ်နှစ်ကုန်သွားလို့ နှစ်သစ်အစမှာ ကျွန်တော် တို့ Plan တွေ ဆွဲကြပါတယ်။နှစ်သစ်မှာ ဘာတွေ ပြီးမြောက်အောင်လုပ်ဆောင်မလဲ လို့စဉ်းစားပြီး အစီအစဉ် တွေ ရေးဆွဲကြပါတယ်။အမှန်တော့ ကျွန်တော်တို့လိုနေတာ Plan မဟုတ်ပါဘူး၊ motivation တွန်းအား ပါ။လုပ်ဆောင်စရာတွေအများကြီးက စိတ်ရှူပ်စေပါတယ်၊…

တိုက်ပင်ကိုက်လား၊ တိုင်ပင်လိုက်လား?

တိုင်ပင်ကိုက် (Timing) စီးပွားရေးလုပ်ရမှာလား၊ တိုင်ပင်လိုက် (Trend) စီးပွားရေးလုပ်ရမှာလား ? တိုင်ပင်ကိုက်ရင် ကြွတ်ကြွတ်အိတ် တောင် လေအဝှေ့မှာ အမြင့်ကြီးဆီကိုရောက်သွားနိုင်သလိုပဲ ..ဈေးကွက်မှာ တိုင်ပင်ကိုက်ရင် .. အများကြီးအားအင်မစိုက်ထုတ်လိုက်ရပဲ ရလဒ်ကောင်းတွေရနိုင်သလို ၊ဈေးကွက်တိုင်ပင်မကိုက်ရင် .. အားအင်အများကြီးထုတ်ကြိုးစားပေမယ့် .. ရလဒ်ကောင်းတွေမရနိုင်ဖြစ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိဖူးခဲ့ကြမှာပါ။တိုင်ပင်ကိုက်တာ နဲ့တိုင်ပင်လိုက်…